iOS 7.1.x ကို Untethered Jailbreak လုပ်နည်း & Myanmar Font And Keyboard ထည့်သွင်းနည်း [Step-By-Step Tutorial]

 

iOS 7.1 ~ 7.1.x ထိကို Jailbreak လုပ်လို့ရမယ့် Tool လေးထွှက်ရှိလာပါတယ်။

Jailbreak လုပ်လို့ရမယ့် Model List တွေကတော့

iPhone 4

iphone 4S

iphone 5

iphone 5C

iphone 5S (64-bit)  နဲ့

iPad Air (64-bit) တို့ပဲဖြစ်ပါတယ်။

အရင်ဆုံး Jailbreak လုပ်ဖို့အတွက် Tool ကို အောက်က Link ကနေ Download လုပ်လိုက်ပါ။

Pangu Untethered Jailbreak Tool Download

Jailbreak Tool ကို အသုံးပြုဖို့အတွက် လိုအပ်ချက်တွေကတော့

– ကွန်ပျူတာက Window XP နှင့်အထက် တင်ထားရပါတယ်။

– iTunes Lasted Version Install လုပ်ထားရပါမယ်။

အဲ့တာတွေ လုပ်ပြီးရင်တော့ Download လုပ်ယူထားတဲ့ Pangu Jailbreak Tool ကို ဖွင့်ပြီးတော့ Jailbreak လုပ်မယ့် iPhone (Or) iPad ကို ကြိုးချိတ်လိုက်ပါ။အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ်။Jailbreak လုပ်မယ်ဆိုရင် အမဲရောင် ခလုတ်လေးကိုနှိပ်လိုက်ပါ။

အမဲရောင် ခလုတ်လေးကိုနှိပ်လိုက်ရင်တော့ ဖုန်းကို Jailbreak စလုပ်နေပါလိမ့်မယ်။ကွန်ပျူတာက Pangu Jailbreak Tool မှာလည်း အလုပ်လုပ်နေပါလိမ့်မယ်။

ပြီးရင်တော့ iDevice မှာ Pangu Logo ပုံလေးပေါ်လာပါလိမ့်မယ် Logo လေးကို တစ်ချက်နှိပ်လိုက်ပါ။Continue နဲ့ Quit ဆိုပြီးတော့ နှစ်ခုပေါ်လာပါလိမ့်မယ်။Comtinue ကိုနှိပ်ပေးလိုက်ပါ။  Respring ကျသွားပြီးတော့ ပြန်တက်လာပါလိမ့်မယ် ဖုန်းကို Lock Screen ကိုပဲဖွင့်ပေးလိုက်ပါ။

Respring တစ်ခါပြန်ကျသွားပါလိမ့်မယ်။

ကွန်ပျူတာက Pangu Jailbreak Tool မှာ အမဲရောင် အတန်းလေးပြည့်သွားလို့ Process တွေပြီးစီးသွားပြီဆိုရင် Tool ကိုပိတ်လိုက်ပါ။

iDevice ပြန်တက်လာရင်တော့ Home Screen ပေါ်မှာ Cydia Software နဲ့အတူ China Software လေးတစ်ခုပါပေါ်လာပါလိမ့်မယ်။

အဲ့တာဆိုရင်တော့ သင့်ရဲ့ ဖုန်းကို Jailbreak လုပ်ချင်ပြီးစီးသွားပါပြီ။

iDevice ကို မြန်မာ Font နဲ့ Keyboard ထည့်နည်း

iOS 7.1 ~ 7.1.x ကို Jailbreak လုပ်ပြီးသားဖုန်းတွေအတွက် မြန်မာစာနဲ့ Keyboard ထည့်သွင်းနည်းလေးပါ။အကုန်လုံးတော့ အဆင်မပြေပါဘူး။

အဆင့် (၁) – အရင်ဆုံး Cydia ထဲကို ၀င်လိုက်ပါ။ http://cydia.macforus.com/ Source ကိုအရင် Add လိုက်ပါ။

အဲ့ဒီထဲက Zawgyi iOS 4.3 Font ကိုသွင်းလိုက်ပါ။မြန်မာစာတော့ မြင်ရပါပြီ။ဒါပေမယ့်နေရာတိုင်းမှာတော့

မမြင်ရသေးပါဘူး။

အဆင့် (၂) – iTunes Store ထဲကနေ MyFont Application ကိုသွင်းပြီးတော့ Zawgyi Profile ကို Install လုပ်ပါ။

Myfont Download Link

(https://itunes.apple.com/us/app/myfont-myanmar-font/id855256130?mt=8 )

အဆင့် (၃) – http://ttkz.me/apt/ Source ကို ထပ် Add လိုက်ပြီးတော့ အဲ့ဒီထဲက ttzKeyboard ကို Install

လုပ်လိုက်ပါ။

အဲ့ဒီ ၃ ချက်စလုံးလုပ်ပြီးသွားရင်တော့ မြန်မာစာနဲ့ Keyboard ကိုစတင်အသုံးပြုနိုင်ပါပြီ။ါအဆင်ပြေပါစေ။

Leave a comment